Monday, 1 March 2010

မြန်မာဟင်းလျာ အမျိုးအမည်များ

ကြက်သား
ကြက်ဆီပြန်
ကြက်အချိုပေါင်း
ကြက်ခပတ်
ကြက်ကုန်းဘောင်
ကြက်ချဉ်စပ်
ကြက်အသဲအမြစ်ဆီပြန်
ကြက်အသဲအမြစ်အချိုချက်
ကြက်အသဲသုပ်
ကြက်ကြော်
ကြက်သုပ်
ကြက်သားသုပ်
ကြက်သားမွှကြော်
ကြက်သားအာလူး
ကြက်ဘူးသီး
ကြက်သားလုံးကျော်
ကြက်သားချိုချဉ်
ကြက်ရိုးကုလားပဲ

ဆိတ်သား
ဆိတ်သားဆီပြန်
ဆိတ်ကလီစာ
ဆိတ်ဦးနှောက်
ဆိတ်သားကြော်
ဆိတ်သားစင်းကော

အမဲသား
အမဲနှပ်
အမဲစင်းကောချက်

ဝက်သား
ဝက်သားနီချက်
ဝက်အချိုပေါင်း
ဝက်ပုံးရည်ကြီး
ဝက်မျှစ်ချဉ်
ဝက်ကလီစာ
ဝက်အချင်းတိုင်
ဝက်သားကြော်
ဝက်သားလုံးကြော်
ဝက်သားလုံးချိုချဉ်
ဝက်သားသုပ်
ဝက်ခေါင်းသုပ်
ဝက်ခြေထောက်ပေါင်း
ဝက်စတူး
ဝက်နံရိုးကြံမဆိုင်
ဝက်နံရိုးကုလားပဲအာလူး
ဝက်သားကြံမဆိုင်
ဝက်နံရိုးကုလားပဲအာလူး
ဝက်သားကြံမဆိုင်
ဝက်သားဒညင်းသီး
ဝက်သရက်
ဝက်လဖက်
ဝက်မရမ်း
ဝက်အာလူး
ဝက်ခရမ်းသီးနှပ်
ဝက်ကုန်းဘောင်
ဝက်အစိမ်းကြော်
ဝက်ပင်စိမ်း
ဝက်နံရိုးကြော်
ဝက်သားလိပ်ကြော်

ပုဇွန်
ပုဇွန်ထုပ်ဆီပြန်
ပုဇွန်အစပ်ကြော်
ပုဇွန်ကမွန်းရွက်
ပုဇွန်တဇောင်းချဉ်
ပုဇွန်ပဲကြာဇံသုပ်

ငါး
ငါးကြင်းဆီပြန်
ငါးကြင်းချဉ်စပ်
ငါးကြင်းအချိုနှပ်
ငါးဒန်
ငါးရံ့ဒန်ဒလွန်
ငါးမြွေထိုးအချဉ်ချက်
ငါးစင်းရိုးအချဉ်ချက်
ငါးပြေမအချဉ်ချက်
ငါးနုသန်း
ငါးပုဏ္ဏားကြော်နှပ်
ငါးခူကြော်နှပ်
ငါးကျီးကြော်နှပ်
ငါးခူရဲယိုရွက်
ငါးဘတ်မွှေ
ငါးသေတ္တာ
ငါးသလောက်ပေါင်း
ငါးဖယ်ဆီပြန်
ငါးဖယ်သုပ်
ငါးဖယ်နို့စိမ်း
ငါးဘဲအိုးကပ်
ငါးသလဲထိုးကပ်
ငါးသလဲထိုးကြော်နှပ်
ငါးသလဲထိုးကြော်
ငါးမုတ်အချိုနှပ်
ငါးသလောက်ဥကြော်
ငါးသလောက်ဥချက်
ငါးကြင်းဥကြော်
ငါးကြင်းဥချက်
ငါနီတူကြော်
ပြည်ကြီးငါးချဉ်စပ်
ဖား+မကျီးရွက်ကြော်

ပုဇွန်တန်ပူရာ
ပုဇွန်+ရွှေဖယုံသီး
ဗုံလုံသီးပုဇွန်အစာသွပ်
ခရမ်းသီးပုဇွန်အစာသွပ်

ဘဲ
ဘဲသားကြံမဆိုင်
ဘဲသားအာလူး
ဘဲဥချဉ်ရည်
ဘဲဥငါးခြောက်ကုလားဟင်း
ဘဲဥအစပ်ကြော်
ဘဲဥအချိုချက်
ဘဲဥပြုတ်ကြော်
ဘဲဥပြုတ်သုပ်
ဘဲဥကြော်အချဉ်ချက်
ခရမ်းသီးဘဲဥကြော်
သားစုံဘဲဥကြော်
ဘဲဥ half fried
ကြက်ဥ half fried

အသုပ်
ပဲကတ္တီပါသုပ်
ပဲပြုတ်သုပ်
ပဲတီချဉ်သုပ်
ဂေါ်ဖီသုပ်
ချဉ်ပတ်စုံသုပ်
ပဲတောင်ရှည်သုပ်
ပဲစောင်းခါးသီးသုပ်
ကဇွန်းဂိုးနီသုပ်
ဇရစ်ရိုးသုပ်
ကြက်ဆီဗူးသုပ်
ငခူမွှကြော်သုပ်
ဆလတ်ရွက်သုပ်
ကတက်ချဉ်သုပ်
မရမ်းသီးသုပ်
ရှောက်သီးသုပ်
ငပိသုပ်
ငါးသေတ္တာသုပ်
ငါးသလောက်ပေါင်းသုပ်

အသီးအရွက်ကြော်
မှိုကန်စွန်းရွက်ကြော်
မှိုမုန်ညှင်းကြော်
မှိုအချိုချက်
ဟင်းနုနွယ်ကြော်
မုန်ညှင်းထုပ်ကြော်
ဖရုံညွှန့်ကြော်
ဂေါ်ရခါးညွှန့်ကြော်
ဘူးညွှန့်ကြော်
မျှစ်နီကြော်
မျှစ်ဝါပဲပြုပ်ကြော်
မျှစ်ချဉ်ချက်
မုံလာဥနှပ်
ဂျူဖူးကြော်
ပဲသီးကြော်
ဂေါ်ရခါးသီးသီး+ဘဲဥကြော်
ရုံးပတီသီးကြော်
ဒန့်ဒလွန်သီးဟင်း
အာလူးဆီပြန်
အာလူးကြော်
ဘဲသွေးကြော်
ချဉ်ပေါင်ကြော်
ကမွန်းရွက်ကြော်
ဂွေးသီးငပိကြော်
ကြက်ဟင်းခါးသီးကြော်
ကြောင်လျှာသီးကြော်
ကင်းပုံသီးကြော်
ပဲပြုပ်ကြော်
တဇောင်းချင်ကြော်
ပန်းငရုပ်ချက်
ဖလံတောင်ဝှေး
ကညွတ်
အစိမ်းကြော်
ခ၀ဲသီး+ကြာဇံ
ခ၀ဲသီး+ပန်းငရုပ်+မှို
ပဲငပိကြော်
ပဲပြုပ်+ဂျူးမြစ်ကြော်
ခရမ်းချဉ်သီးမြေပဲငပိချက်
ပြောင်းဖူးထောင်းကြော်
ဘြေပ ဃသမည
အင်ဥချက်
ဒညင်းသီးဆီပြန်ချက်
ပန္နဲသီးဟင်း
အားလူးကတ်တလိတ်
မကျီးသီးစိမ်းကြော်
ပန်ထွေဖျော်
ရွှေဖယုံသီး

အသုပ်
သရက်ချဉ်သုပ်
သရက်အစိမ်းသုပ်
သရက်ထောင်း
ပုဇွန်ချဉ်
ငါးလေးချဉ်
ငါးလေးချဉ်
ငဖယ်ချဉ်
ဆေးဘဲဥသုပ်
နှမ်းဖတ်ချဉ်သုပ်
မြင်းခွာရွက်
ခရမ်းချဉ်သီးသုပ်
ခရမ်းသီးမီးဖုတ်သုပ်
သင်္ဘောသီးသုပ်
ပုန်းရည်ကြီးသုပ်
ဝဥသုပ်
မကျီးရွက်သုပ်
မိုးကျလဖက်သုပ်
လက်ဖက်သုပ်
ကျောက်ပွင့်သုပ်

Friday, 25 July 2008

အဖေ

ဒီ blog က တစ်ခြားသူအတွက်တော့ မဟုတ်ဘူး၊ ကျွန်တော် မိသားစုအတွက်ပါ။
အသက် ကလေးက တဖြေးဖြေးရလာတော့ အတွေ့အကြုံတွေ စုံသင့်သလောက်စုံလာတယ်။ ဒါပေမယ့် ကျွန်တော်မသိတာတွေလည်း အများကြီးရှိအုံးမှာပါ။ လူတိုင်းနီးပါးမှာ ကြုံတွေ့ရလောက်ပါတယ်။
ဥပမာ - ကျွန်တော် အဖ ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် (၇း၀၀)နာရီမှာ သူဆုံးသွားခဲ့တယ်။ ကျွန်တော်ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး ။ ကျွန်တော်က အဲဒီအချိန်မှာ အသက် (၂၀)နှစ်ပြည့်ကာနီးပဲရှိသေးတယ်။ ခု ကျွန်တော်ရေးနေတဲ့ အချိန်မှာတိုင် သူအရိုးတွေဆွေးနေလောက်ပြီ။ ဒါပေမယ့် ကျွန်တော် နှလုံးသားထဲမှာတော့ ဒီနေ့ထိ အဖြစ်အပျက်ဟာ မနေ့ကလိုပဲ။ ကျွန်တော်သေမှာပဲ မေ့ပြစ်သွားမှာပါ။ ကျွန်တော့အတွက်တော့ သူရဲကောင်းတစ်ယောက်ပေါ့သူကျွန်တော်ကို အများကြီး သင်ကြားပေးခဲ့တယ်။ကျွန်တော် မှာ မိသားစု (၅)ယောက် ရှိတယ်။ ကျွန်တော် က အကြီးဆုံးပါ။ အဖေ ဆုံးတော့ အသက် (၅၀) ပဲရှိသေးတယ်။ ရွာနဲ့ (၃)မိုင်လောက်ဝေးတဲ့ ဆေးရုံမှာ ပါ။ ဆေးရုံသာဆိုတယ် တောက ဆေးရုံဆိုတာ တော်တော်စိတ်ပျက်ဖို့ ကောင်းတယ် ။ ဆရာဝန်ကလည်း ရန်ကုန်မှာဆို ပါးရိုက်ခံရမယ်။ တောမှာဆိုတော့ သူကဆရာပေါ့ ။ ပိုက်ဆံမရှိတဲ့သူဆိုရင် ပိုဆိုး- ကျွန်တော်တို့လည်း ပိုက်ဆံတော့ရှိပါဘူး- ဒါပေမယ့် ကုန်းကောက်စရာမရှိလောက်အောင်တော့ဟုတ်ဘူးဗျ။
ရွာတွေမှာ ပိုက်ဆံမရှိတဲ့သူအများကြီး၊
အဖေ ဆေးရုံသာတက်တာ။ ကျွန်တော့ရင်ထဲမှာ သူ နေပြန်ကောင်းလာမယ်လို့ ထင်ထားတယ်။ သူရဲ့ ပုံပန်းသဏ္ဍာန်ကတော့ စိတ်ပျက်စရာကြီး။ အဲဒီတရားခံကတော့ အရက် လို့ထင်ပါတယ်။ ဒုတိယ တရားခံကတော့ ကံကြမ္မာပေါ့လို့ ကျွန်တော်ယူဆတယ်။ အရက် အရက် ဒီအရက်ကို ကျွန်တော်အစတုန်းကတော့ မကောင်းဘူးလို့ ထင်တယ်။ တစ်ကယ်တော့ အရက် ကသူ့ပါသာ သူနေတာပါ။ အဲဒါကို လူတွေက သွားစတာပါ။ ကျွန်တော်ခုဆိုရင်အရက်မကောင်းဘူးလို့ မပြောတော့ဘူး။ အရမ်းကောင်းတယ်လို့ ပြောတော့မယ်။ ဒါပေမယ့် သူ(အရက်) ကို တော့ ကျွန်တော်နဲ့ မတန်ဘူးလို့ ယူဆလိုက်မယ်လေ- သေချာတာက အရက်ဆိုတာ ဟို ရှေးရှေးတုန်းကနေ ခုထက်ထိ အရမ်းအရမ်းကောင်း ၊ ဒါပေမယ့် သူ့ကို သွားပြီး မစနဲ့နော်- မစမ်းနဲ့နော်- အလကားပဲရရ - ဘော်ဒါကြောင့်ပဲဆိုဆို၊ စမ်းလိုက်ရင်တော့ သူရဲ့ အရသာ ဘယ်လောက်ကောင်းမှန်းသိပြီး အရသာနောက်ကို လိုက်နေရလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော့ အဖေလည်း နိဗ္ဗာန်ရောက်လား၊ နတ်ပြည်ရောက်လား၊ ငရဲပြည်ရောက်လား၊ မသိတော့ပါ။ ကျွန်တော်ဒီတစ်သက်မှာ အဖေလို့ ခေါ်စရာ မရှိတော့ပါဘူး။ မိန်းမရရင်တော့ ကြောက်လန့်ပြီး အဖေ လို့ ယောက္ခမကို ခေါ်ရအုံးမလား မသိသေးဘူးဗျ။ ကဲအားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။

Sunday, 18 May 2008

2008,May,20

ဒီနေ့ ဘလော့ စတင်လုပ်ထားပါတယ်။